၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူသစ်တန်း (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယသပ္ပံကျောင်း(မန္တလေး)၌ ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူသစ်တန်း (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဖူဆယ်ပြိုင်ပွဲဝင် ကစားသမားများအား မြန်မာ့လက်ရွေးစင် (လူငယ်/လူကြီး) MNL(1), MNL(2), MFF Futsal League, Mandalar Futsal League တိုင်းနှင့် ပြည်နယ် လက်ရွေးစင်များမှအပ အခြားဘောလုံးဝါသနာရှင်များအား စည်းမျဉ်းစည်းကမ်းနှင့်အညီ ပါဝင်ကစားခွင့်ပြုထားပြီး  လူငယ်အားကစားသမားများအား ပြည်နယ်နှင့်တိုင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ကိုယ်လက်လှုပ်ရှား အားကစားဖြင့် ကိုယ်ခန္ဓာကြံ့ခိုင် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မန္တလေးမြို့ပေါ်ရှိ (၇)မြို့နယ်နှင့် အားကစားနှင့်ကာယသိပ္ပံကျောင်းရှိ အားကစားဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်စေပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အသင်းများအား ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူသစ်တန်း (အမျိုးသား) ဖူဆယ် ဘောလုံးပြိုင်ပွဲကို (၃၀-၁၂-၂၀၂၃)ရက်နေ့မှ(၃-၁-၂၀၂၄) ရက်နေ့အထိ ကျင်းပပေးသွားမည်ကြောင်း အားကစားနှင့်ကာယသိပ္ပံကျောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အောင်ဇော်မင်း