သတင်းများ

အုတ်ဖိုမြို့တွင် ဆေးဆိုင်များ ဆေးစျေးနှုန်းအခြေအနေနှင့် မှာယူတင်သွင်းသည့် ဆေးကုမ္ပဏီများ စာရင်းစစ်ဆေး ဆောင်ရွက်
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ဆေးဆိုင်များအား ဒေသခံပြည်သူများ အရည်အသွေးမီ ဆေးဝါးများ လိုအပ်သလို ဆေးစျေးနှုန်း မှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်စေရေးနှင့် ဆေးစျေးနှုန်း အတက်အကျ မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က လိုက်လံ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ချမ်းမြသီတာကျေးရွာတွင် ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ချမ်းမြသီတာကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ပြည်ထောင်စု(မွမ်းမံ)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေရရှိရေး လုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းမှာ လက်ရှိအအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မြေပြင်ကယ်ဆယ်ရေးနှင့် ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Aug 15,2021
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက အချိန်မီကယ်တင်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကယ်ဆယ်ရေးနှင့် ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများအား တိုးမြစ်တွင် ယနေ့နံနက်(၁ဝ)နာရီက ပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 15,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်၍ ပြည်သူများလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီခွဲခန့်က ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ဆီဆိုင်မြို့မဈေးသို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီ အချိန် မှစတင်၍နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ် လိုင်းကြီးကြပ်မှုကော်မတီ တို့ပူးပေါင်း၍ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက် များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်ဆက်လက် ထိုးနှံ
Aug 15,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်ကိုမချမ်းဘော့မြို့ဂူဘားရိပ်သာတွင် ယမန်နေ့(၉)နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁၂၀၉ ဦး ရှိပြီဖြစ်
Aug 15,2021
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များဖြစ်သည့် ဟိုပုံး ၊ဆီဆိုင်၊ပင်လောင်း မြို့နယ်များတွင် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားစဉ်ကာလအတွင်း ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ  ၁၂၀၉ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သက်သာ၍ ဆေးရုံမှဆေးခွင့်ရသူ(၄၅၂)ဦးနှင့် သေဆုံးသူ(၈၄)ဦးရှိ
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် (၁)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ကျား(၃၃၆)ဦး၊ မ(၂၅၀)ဦး၊ စုစုပေါင်း(၅၈၆)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကျား(၂၆၂)ဦး၊ မ(၁၉၀)ဦး၊ စုစုပေါင်း(၄၅၂)ဦးရှိကြောင်းနှင့် သေဆုံးသူကျား(၄၄)ဦး၊ မ(၄၀)ဦး၊စုစုပေါင်း(၈၄)ဦးရှိကြောင်း ခရိုင်အထွေထွေ ရောဂါကုပြည်သူ့ ဆေးရုံကြီး မှသိရှိရသည်။