သတင်းများ

ပင်လောင်းမြို့နယ် ဆေးရုံသို့ အောက်ဆီဂျင်စက်နှင့်အောက်ဆီဂျင် ၄၀လီတာအိုး နှစ်လုံးလှူဒါန်း
Aug 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါလူနာများအတွက် အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင် ၄၀ လီတာအိုး နှစ်လုံးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ ဆေးရုံသို့လာရောက်လှူဒါန်းခဲ့သည်။
မြို့သစ်မြို့နယ်၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ် ဓမ္မရံသီအဓိပတိအတိနာယကချုပ် ဆရာတော်ဦးသုနန္ဒမှ ကျပ်သိန်း(၅၀) လှူဒါန်း
Aug 15,2021
မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ် ဓမ္မရံသီကျောင်းတိုက် အဓိပတိနာယကချုပ် ဆရာတော်ဦးသုနန္ဒမှ ငွေကျပ်သိန်း( ၅၀ )လှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က ပေးအပ်ခဲ့သည်။
မိုင်းယန်းမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 15,2021
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းကျဆင်းစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၉ နာရီခန့်က ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၃ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၆ ဦး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၀၉ ဦးရှိလာ
Aug 15,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ရောဂါ ဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ ၆ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၀၉ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ဟားခါးမြို့၌ တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်
Aug 15,2021
ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်သည့်  အောက်ဆီဂျင်စက်ရုံကို ဟားခါးမြို့ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ ဩဂုတ်လ ဒုတိယပတ်မှစ၍ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Aug 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ ချောင်းရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် အရန်မီးသတ်တပ်ရင်းရုံး မြေထိန်းနံရံအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပ့ံပေးအပ်
Aug 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ အရန်မီးသတ် တပ်ရင်းရုံး ဝန်ထမ်းအိမ်ယာတွင် နန့်ယွန်းချောင်းရေလျှံမှုကြောင့် မြေထိန်းနံရံပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဆောက်လုပ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်၍ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံး၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်
Aug 15,2021
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး အစည်းအဝေး၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးဦးစီးမှူး ရုံးအောက်ရှိ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ လက်ထောက်ညွှန်ကြား ရေးမှူးများ တက်ရောက်ခဲ့ကြသည်။