သတင်းများ

မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ပြင်ဆင်ထားရှိ
Aug 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆုံကြုံတွေ့ရပါက ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားမှုသည် မြို့နယ်အတွင်း ဘေးဒဏ်ခံနိုင်ရည်စွမ်းတည်ဆောက်ရာတွင် အကူအညီဖြစ်စေရန်နှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အားစုဖွဲ့ထားရှိခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ထားရှိလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဖြိုးမြတ်သူထံမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး
Aug 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ဌာနနှင့် ဟိုတယ်သီပေါ ကုမ္ပဏီတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ကော်မတီဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်
Aug 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပိုမိုများပြားလာသဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ချက်များကို ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသံချဲ့စက်ဖြင့်လိုက်လံဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦး ထိုးနှံ ပြီး
Aug 15,2021
စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဒုတိယအကြိမ် ထုတ်ချေးပေး
Aug 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒုတိယအကြိမ်မြောက် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ စစ်ဆေးဆောင်ရွက်
Aug 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးကြီးရှေ့၊ မြောက်ပိုင်းစျေးနှင့် ရွှေစင်ကုန်စုံဆိုင်ရှေ့တို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ စနစ်တကျ တပ်ဆင်လာခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် သြဂုတ်လ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့အတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တန့်ယန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီမှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တန့်ယန်းတပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။