အုတ်ဖိုမြို့တွင် ဆေးဆိုင်များ ဆေးစျေးနှုန်းအခြေအနေနှင့် မှာယူတင်သွင်းသည့် ဆေးကုမ္ပဏီများ စာရင်းစစ်ဆေး ဆောင်ရွက်

အုတ်ဖို  သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ဆေးဆိုင်များအား ဒေသခံပြည်သူများ အရည်အသွေးမီ ဆေးဝါးများ လိုအပ်သလို ဆေးစျေးနှုန်း မှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်စေရေးနှင့် ဆေးစျေးနှုန်း အတက်အကျ မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က လိုက်လံ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုတွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးနှစ်ဆန်းဦး ဦးဆောင်သော အဖွဲ့ဝင်(၁၂)ဦးတို့မှ ဒေသခံပြည်သူများ အရည်အသွေးမီ ဆေးဝါး လုံလောက်စွာရရှိစေရေးအတွက် ဆေးဆိုင်(၄)ဆိုင်အား စစ်ဆေးခဲ့ရာ သက်ဆိုင် ရာ ကုမ္ပဏီ(၇)ခုမှ မှာယူတင်သွင်းခြင်းဖြစ်ပြီး ဆေးဆိုင်အချို့တွင် Cetirizine tablet 10 mg နှင့် Cefepime 1.G injection များ အနည်းငယ် ပြတ်တောက်မှုများရှိနေကြောင်း စစ်ဆေးတွေ့ ရှိခဲ့တယ်ဟု မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့ ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)