ဒေးဒရဲ ဩဂုတ် ၁၅
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက အချိန်မီကယ်တင်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကယ်ဆယ်ရေးနှင့် ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများအား တိုးမြစ်တွင် ယနေ့နံနက်(၁ဝ)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး မြေပြင် ကယ်ဆယ်ရေးနှင့် ရေပြင်ကယ်ဆယ်ရေးလေ့ကျင့်မှုများအဖြစ် ကြိုးကိုအသုံးပြု၍ ကယ်ဆယ်ခြင်း၊ အသက်ကယ်ဘောဖြင့်ကယ်ဆယ်ခြင်း၊ မော်တော်အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် အရေးပေါ်ကုသပေးခြင်း ဇာတ်တိုက်လေ့ကျင့်မှုများအား တက်ရောက် အားပေးခဲ့ကြောင်းသိရသည်။
အေဇာလင်း