ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ (၆)ဦးထပ်မံတွေ့ရှိ
Aug 15,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က လာရောက် ပြသသော အနံ့မရသူ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ ဆက်စပ်သူ (၁၇)ဦး အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁) ရပ်ကွက်မှ (၁)ဦး၊ မြို့သာကျေးရွာမှ (၁)ဦး၊ ထန်းချောင်ကျေးရွာမှ (၁)ဦး၊ ထနောင်းကုန်းကျေးရွာမှ (၁)ဦး၊ မရိုးကုန်းကျေးရွာမှ (၁)ဦးနှင့် ကံနီကျေးရွာမှ (၁)ဦး ၊ စုစုပေါင်း (၆)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိရသဖြင့် အဆိုပါရောဂါပိုးတွေ့သူများအား မိုးသိင်္ဂီခန်းမ (ယာယီဆေးရုံ)တွင် ကျန်းမာရေးစောင့် ရှောက်မှု ခံယူရန် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူ(၃)ဦးအား နေအိမ် Strict Home Quarantine ထားရှိ သွားမည် ဖြစ်ကြောင်း သိရသည်။