သတင်းများ

မြင်းမူမြို့နယ်တွင် အောက်စီဂျင်စက်ရုံအဆောက်အဦ တည်ဆောက်လျှက်ရှိရာ အလှူရှင် မိသားစုမှ ငွေကျပ်သိန်း(၁၅၀)လှူဒါန်း
Aug 15,2021
ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာခံစားနေရသူများအတွက် ဆေးကုသမှုခံယူရန်အရေးပေါ် လိုအပ်လျှက်ရှိသည့် အောက်စီဂျင်စက်ရုံအား စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင်မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလမျက်စိ ဆေးရုံဝင်းအတွင်းအဆောက်အဦ စတင်တည်ဆောက်နေပြီဖြစ်ရာ မြင်းမူမြို့၊ အသောကရပ်ကွက်နေ အလှုရှင်ဒေါ်ခင်မမော်အားရည်စူး၍ ဦးမျိုးညွန့်(သမီး) မချစ်စု၊ မမိုးကြည်မိသားစုမှ ငွေကျပ်သိန်း(၁၅၀)လာရောက် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ နှင့်ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ယမန်နေ့ညနေ ၄နာရီ ၃၀မိနစ်အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်
Aug 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ပြောင်းလဲသော  ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကာကွယ်ရေး နည်းလမ်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍    ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။   
ကျောက်ထု မြို့ရှိ  ဥယျာဉ်ခြံမြေများတွင် တစ်ပိုင်တစ်နိုင် ( ဝဥ ) စိုက်ပျိုး
Aug 15,2021
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ကျောက်ထုမြို့ ဒေသရှိ ဥယျာဉ်ခြံမြေများတွင် ဝဥ ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ ( ဝဥ ) အရွက်သီးမျိုးစေ့ တစ်ပိဿာ လျှင် ( ၁၅၀၀၀ ) ကျပ်ဖြင့် အအေးပိုင်းဒေသရှိ ချင်းပြည်နယ် မှ တစ်ဆင့် ဝယ်ယူ စိုက်ပျိုးကြကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၂၃ ဦးအထိရှိလာ
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၂၃) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ဂန့်ဂေါတွင် မိုး နောက်ကျသဖြင့် မိုးစပါးကို နောက်ကျ စိုက်ပျိုးကြရ
Aug 15,2021
ယခုနှစ် ဂန့်ဂေါမြို့နယ်၌ မိုးဦး နောက်ကျသဖြင့် လယ်မြေများတွင် မိုးစပါးကို နောက်ကျ စိုက်ပျိုးကြရကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၄၈၄၃)ဦး ထိုးနှံပြီးဆက်လက်ထိုးနှံ
Aug 15,2021
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့်ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များအား ယနေ့ နံနက် ၉ နာရီ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ ၎င်းနေ့လယ် ၁နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ တောင်ကုတ်မြို့နယ်ခန်းမစုရပ်၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်
Aug 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ မပြုန်းတီးရေးနှင့်တိုးပွားပေါများလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာ ပိုမိုဖူလုံလာစေပြီး စားသုံးမှု မြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။