သတင်းများ

တာချီလိတ်မြို့၌ ချောင်းရေ တိုက်စားမှုကြောင့် ပြိုကျခဲ့သည့် အရန်မီးသတ် တပ်ရင်းရုံးမြေထိန်းနံရံအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆောက်လုပ်ရေး ပစ္စည်းများ ထောက်ပံ့အပ်
Aug 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ အရန်မီးသတ် တပ်ရင်းရုံးဝန်ထမ်း အိမ်ယာတွင်နန့်ယွန်းချောင်းရေလျှံမှု ကြောင့် မြေထိန်းနံရံပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဆောက်လုပ်ရေး ပစ္စည်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရေး အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ တပ်မတော်၊‌ ထွေ/အုပ်၊ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက်အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးကြေညာ ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 15,2021
ငါးလုပ်ငန်းဦးစီးဌာနသည် ရေလုပ်သားများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးထုတ်လုပ်မှု တိုးတက် စေရန်၊ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်စေရန်အတွက် သဘာဝ ရေပြင်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက သာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ငဝန်မြစ်ကမ်းနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်။
မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Aug 15,2021
ကချင်ပြည်နယ် ၊မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့ နံနက်(၈)နာရီခန့်က မြို့ပတ်လမ်းအနီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ညောင်ဦးမြို့နှင့်ပုဂံမြို့ ဈေးကွက်အတွင်းရှိ ဆေးနှင့်ဆေးဝါး အထောက်အကူပြု ပစ္စည်းများရောင်းချမှု ဈေးကွက်အခြေအနေ ကွင်းဆင်းစစ်ဆေး
Aug 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့်ပုဂံမြိုရှိ စူပါမားကတ်များ၊စတိုးဆိုင်များနှင့် ဈေးကြီးများအတွင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆိုင်များအား ညောင်ဦးမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်စည် ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြား သည်။
စဉ့်ကိုင်မြို့နယ် ပင်းချားကျေးရွာတွင် ရေစင်ရုံတည်ဆောက်နေမှုအားကွင်းဆင်းစစ်ဆေး
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာများ သောက်သုံးရေ လိုအပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန အနေဖြင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပင်းချား ကျေးရွာတွင် ရေစင်ရုံတည်ဆောက်နေမှုအား ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။