သတင်းများ

မော်လမြိုင်ကျွန်း မြို့နယ်တွင် ကျေးရွာများအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေး လျက်ရှိ
Aug 15,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်း ကျေးရွာအုပ်စု့ ချမ်းမြေ့ရတနာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှုများနှင့် အောက်စီဂျင်စက်ရုံ တည်​ဆောက်​နေမှုတို့အား သွားရောက်ကြည့်ရှု
Aug 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှုများနှင့် အောက်စီဂျင်စက်ရုံ တည်​ဆောက်​နေမှုတို့အား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ
Aug 15,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ -ဇီဝိတဒါနသံဃဆေးရုံ သီးသန့်လူနာ ကုသဆောင်နှင့်ဆေးရုံဝန်ထမ်းအိမ်ရာ Positive Centre စောင့်ကြည့်နေရာအတွင်း ကျန်းမာရေးစောင့်ကြပ်ပေး၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ(၇၁)ဦးရှိသည့်အနက်ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်ပြီဖြစ်သောလူနာ(၇)ဦးတို့အား ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်းခွင့်လက်မှတ်များကိုထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၂၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Aug 15,2021
မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပြည်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကထုတ်ပေးထားသော "အပြင်ထွက်သွားလာ ခွင့်ကတ်"ဖြင့် သွားလာရေး တာဝန်ရှိသူများစစ်ဆေး
Aug 15,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့အတွက် ပြည်သူများအနေဖြင့် (Stay at home)နေအိမ်တွင် နေထိုင်ရေးအစီအစဥ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် အများပြည်သူရုံးပိတ် ရက်ရှည် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာသွားလာပါက သက်ဆိုင်ရာကထုတ်ပေးထားသော "အပြင်ထွက်သွား လာခွင့်ကတ်"ဖြင့်သွားလာရေးတို့ကို တာဝန်ရှိသူများက ယနေ့နံနက် ပိုင်း တွင် အမှတ်(၂)ရဲစခန်းရှေ့ ဗိုလ်ချုပ်လမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့‌ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အား ကြည့်ရှုပြီး ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့
Aug 15,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့က ပုလဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ပုလဲမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုအလိုက် သတ်မှတ် ထားရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေကို လှည့်လည် ကြည့်ရှု အားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ရေပြည့်အမှတ်ထက် ရေပိုလွှဲမှရေကျော်ကျနေမှု ပြန်လည် ကျဆင်းလာ
Aug 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ယ​နေ့နံနက် ၆နာရီ တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (R.l 625) အထက်ရေပိုလွှဲမှ ရေကျော်ကျနေမှု ၀.၆ပေ ပြန်လည် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှသိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး ကွင်းဆင်း ဆောင်ရွက်
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအတွက် မြို့နယ်အဖွဲ့များ၏ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့ပေါ်ရှိဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့် ဆိုင်များအား စစ်ဆေးခဲ့ကြသည်။