သတင်းများ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Aug 15,2021
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင် ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန်စသည့် ဦးစီးဌာန၏မူဝါဒနှင့် အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ယမန်နေ့က သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယ နှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြသည်။
နမ့်စန်တွင် တပ်မတော်ဆေးရုံနှင့်မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအတွက် အဟာရဖြည့်အစားအစာများထောက်ပံ့လှူဒါန်း
Aug 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့ အမှတ်(၈) တပ်မတော်ဆေးရုံ တွင် ဆေးကုသမှုခံယူ လျှက်ရှိသော လူနာများနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူနေသော အရာရှိ၊စစ်သည် မိသားစုများ အတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ထောက်ပံ့လှူဒါန်းသော ကြက်ဥ၊ငှက်ပျောသီး နှင့် နွားနို့များကို ယနေ့နံနက် ၁၁ နာရီတွင် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထူးမြတ်တိုးက အဆိုပါ ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး တပ်မတော်ဆေးရုံမှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လားရှိုး၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များအား တိုင်းရင်းသားဘာသာဖြင့် လိုက်လံဆော်ဩ
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ၏လမ်းညွှန်မှုဖြင့် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ‘၀’ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တို့ပူးပေါင်း၍ ဩဂုတ်လ(၁၅)ရက် နံနက်(၉)နာရီအချိန်က လားရှိုးမြို့အဝင် မုဉ်ဦး၊ မြို့လယ်အဝိုင်းပတ်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန် ချက်များအား လိုက်လံအသိပေးဆော်ဩခဲ့သည်။
သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ အရံမီးသတ်တပ်ဖွဲ့၀င်များနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများသို့  စားသောက် ကုန်ပစ္စည်း(၇)မျိုးအား အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်း
Aug 15,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားသောက်ရေးများ အဆင်ပြေစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့၀င်များနှင့် စေတနာရှင်များစုပေါင်းလှူဒါန်းသော  စားသောက်ကုန် ပစ္စည်း(၇)မျိုးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အိမ်တိုင် ရာရောက် လိုက်လံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသူများအား နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှု၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး၊ စားသောက်ရေးနှင့်ကျန်းမာရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနေကြသည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း
Aug 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံ စားနေရသူများအား နေထိုင်ရေး၊ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေး၊ စားသောက်ရေး၊ ကျန်းမာ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်သော ပံပိုးမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူနှင့် လူမှုရေးအသင်းအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံမေးမြန်းထားရှိမှုကို ရေးသားလိုက်ရပါသည်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Aug 15,2021
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန် စသည့် ဦးစီးဌာန၏မူဝါဒနှင့်အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့က သာပေါင်းမြို့နယ် စီမံ အုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေး တို့အတွက် ရည်ရွယ်၍ မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၉နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်၊ စားသောက်ကုန် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေး မပြည့်မီသောစံမညီဆေးဝါးများ ရောင်းချခြင်းများရှိ/မရှိကို မြို့နယ်ဆေးဝါးနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။