ဟိုပုံး ဩဂုတ် ၁၅
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များဖြစ်သည့် ဟိုပုံး ၊ဆီဆိုင်၊ပင်လောင်း မြို့နယ်များတွင် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားစဉ်ကာလအတွင်း ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁၂၀၉ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကို ဇွန် ၁၁ ရက်နေ့ တွင် စတင်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၁၄ ရက်ထိ ရောဂါပိုးတွေ့ရှိသူပေါင်း (၃၁၇) ဦး ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ(၁၅၁)ဦး၊ ကုသမှုခံယူနေဆဲ (၁၅၉)၊ ဦးနှင့် သေဆုံးသူ (၇)ဦးရှိပြီး ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကို ဇူလိုင် ၈ ရက်တွင် စတင်ဖြစ်ပွားခဲ့ရာ ယနေ့ထိ ရောဂါပိုးတွေ့ရှိသူပေါင်း (၂၆၀) ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ(၇၇)ဦး၊ ကုသမှုခံယူနေဆဲ (၁၇၇)ဦးနှင့် သေဆုံးသူ(၆)ဦးရှိပြီး ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကို ဇွန် ၃၀ ရက် တွင်စတင်ဖြစ်ပွားခဲ့ရာ ယနေ့ထိ ရောဂါပိုးတွေ့ရှိသူပေါင်း (၆၃၂) ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ(၄၀၈)ဦး၊ ကုသမှုခံယူနေဆဲ ( ၂၂၁ )၊ ဦးနှင့် သေဆုံးသူ (၈)ဦးရှိပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူပေါင်း (၁၂၀၉)ဦးရှိပြီး သေဆုံးသူပေါင်း(၂၁)ဦးရှိပြီ ဖြစ်ကြောင်းကို သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီများမှ သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံခြင်းကို မိဘပြည်သူ (၁၅၀၈၂)ဦးအား ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးဆက်လက်ထိုးနှံမည့် အစီအစဉ်များကိုလည်း ကြေညာပေးသွားမည် ဖြစ် ကြောင်းသိရသည်။
ခင်အိအိသန်း