သီပေါမြို့နယ်တွင်အပြင် သွားလာသူများအား ပြင်ပသွားလာခွင့်ကတ်ပြား ပါ/မပါစစ်ဆေး ဆောင်ရွက်
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီး နိုင်ရန်အတွက် လိုအပ်သည့် စည်းကမ်း ချက်များချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းနေထိုင်သော ပြည်သူများအား ပြင်ပသွားလာခွင့် ကတ်ပြားပါ/မပါစစ်ဆေးခြင်း နှင့်ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက် တို့တွင် ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစစ်ဆေး ဆောင်ရွက်သည့် မြို့ပေါ်ရပ်ကွက်သတ်မှတ် နေရာများတွင် တာဝန်ကျအဖွဲ့များမှ စစ်ဆေး ဆောင်ရွက်ခြင်းများရှိ/မရှိကို ထပ်ဆင့်လိုက်လံ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။