မောတောင်မြို့အဝင်စစ်ဆေးရေးဂိတ်တွင်ခရီးသွားများအား Maskဝတ်ဆင်ခြင်းရှိ/မရှိစစ်ဆေး၍ Mask Campaign ပြုလုပ်
Feb 28,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏လမ်းညွှန်မှုအရ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ကြီးကြပ်မှုဖြင့် မောတောင်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈နာရီအချိန်မှစ၍ လက်ရှိမှာကူးစက်မှုနှုန်း မြင့်တက် နေသောကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်ဒေသခံ ပြည်သူများနှင့်ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများအား ပူးပေါင်း လိုက်ပါဆောင်ရွက်နိုင်ရန်အတွက်Mask ဝတ်ဆင်ခြင်းရှိ/မရှိစစ်ဆေး၍ Mask များဖြန့်ဝေပြီး Mask Campaign ပြုလုပ်ကြောင်း သိရသည်။