သတင်းများ

မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက်  အသိပညာပေး (Mask Campaign) များ  အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ
Mar 01,2022
ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ (Mask Campaign) ကို မြို့ဝင်ဂိတ်များ၊ လူစည်ကားရာ လမ်းဆုံများ၊ လမ်းများ၊ ဈေးများ၊ ကျောင်းများတွင်  နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်း ၈ နာရီ ၃၀ အချိန်တွင် မြောင်းမြမြို့ အမှတ် (၈) ရပ်ကွက် (၇)လမ်းနှင့် မြဂုဏ်ရည်လမ်းဆုံ ဒီးဒုတ်ရင်ပြင်ရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းဆက်လက်ထိုးနှံပေး
Mar 01,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်း၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
 ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အား ကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၇၈၅ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Mar 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏(၄၇၈၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ (A Group) အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံကို ထောက်ပံ့ပေးအပ်
Mar 01,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာများတွင်ဖွဲ့စည်း ထားရှိသည့် အရန်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနက် (A Group) အမာခံ အရန် မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့်စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပ
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့် စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကျင်းပ
Mar 01,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
သံဖြူဇရပ်မြို့နယ် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
Mar 01,2022
စက်ရုံလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအကြောင်း အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်မန်နေ့ မွန်းလွဲပိုင်းက အွန်စောမွန်ရာဘာ သစ်ခွဲသားစက်ရုံနှင့် မြန်မာဝှချန် သစ်ခွဲသားစက်ရုံတို့တွင် ဆောင်ရွက်ခဲ့သည်။