မိုင်းနောင် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ (၅)ရက်တစ်ပတ် ပျံကျစျေးအတွင်းတွင် ယမန်နေ့ နံနက် (၇) နာရီအချိန်က အိုမီခရွန်(Omicron) ရောဂါ အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများ၊ စျေးသည်များနှင့် စျေးဝယ်သူများ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေး၊ ငွေကိုင်ပြီးပါက လက်သန့်ဆေး ရည်များ အသုံးပြုစေရေးနှင် ယခုအခါ အိုမီခရွန်(Omicron)ရောဂါပိုးသည် ကူးစက်ပျံ့နှံ့နှုန်းမြန် ဆန်သည့်အတွက် အထူးဂရုစိုက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးဌာန၏ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်/ဆက်ဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးဦးရဲနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ ပညာ ရေးဌာနမှဆရာ/ဆရာမများ၊ စည်ပင် သာယာရေးဝန်ထမ်းများ၊ ပြန်/ဆက် ဝန်ထမ်းများ၊ လဝက နှင့်ထွေ/အုပ်ဝန်ထမ်းများ ပါဝင် သော ပူးပေါင်းအဖွဲ့သည် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော စျေးသည်များနှင့် စျေးဝယ်များအား (Mask)များ အခမဲ့ဖြန့်ဝေကာ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)