မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့မှ စတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။