ငဖဲမြို့နယ်အတွင်းရှိ (A Group) အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံကို ထောက်ပံ့ပေးအပ်
Mar 01,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာများတွင်ဖွဲ့စည်း ထားရှိသည့် အရန်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနက် (A Group) အမာခံ အရန် မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။