ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Mar 01,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကိုပထမအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း(၁၃၂)ဦးကို၎င်းဒုတိယအကြိမ် ကာကွယ်ဆေး(COVISHIELD)ထိုးနှံ သူစုစုပေါင်း(၂၈၆)ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆေးထိုးနှံရာတွင်အသက်(၁၈)နှစ်နှင့်အထက်ရပ်ကွက်နေပြည်သူများ လူဦးရေစုစုပေါင်း (၄၁၈) ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။