သတင်းများ

သုံးခွမြို့နယ်၌ လစဉ်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Mar 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက် ကြကြောင်းသည်။
မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကျင်းပ
Mar 01,2022
မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ ကြောင်းသိရသည်။
မိုင်းဆတ်မြို့၊ ဓါတ်စွမ်ယောင်းစေတီတော်၌ (အဋ္ဌမအကြိမ်) အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Mar 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ဓါတ်စွမ်ယောင်းစေတီတော်၌ (အဋ္ဌမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၀၄၉) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ (၂၀၄၉) ဦး စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
ပွန်ချောင်းရေတင် တပိုင်တနိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများဖြင့် ပုံမှန်ဝင်ငွေများရရှိ
Mar 01,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ပွန်ချောင်းရေတင် တပိုင်တနိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများကြောင့် စိုက်ပျိုးသူမိသားစုများအ​​နေဖြင့် ပုံမှန်ဝင်ငွေများရရှိနေကြကြောင်း သိရှိရသည်။
ရေတာရှည်မြို့နယ်၌ အခြေခံပညာကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူ များ ကွင်းဆင်း စစ်ဆေး
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အခြေခံပညာဦးစီးဌာနက ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အခြေခံပညာ ကျောင်းများ၌ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ
Mar 01,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းပြဌာန်းနိုင်ရေးအတွက် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မီနစ်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။