သတင်းများ

သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့်စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပ
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့် စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကျင်းပ
Mar 01,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
သံဖြူဇရပ်မြို့နယ် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
Mar 01,2022
စက်ရုံလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအကြောင်း အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်မန်နေ့ မွန်းလွဲပိုင်းက အွန်စောမွန်ရာဘာ သစ်ခွဲသားစက်ရုံနှင့် မြန်မာဝှချန် သစ်ခွဲသားစက်ရုံတို့တွင် ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့၌ သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြုရာထူးခန့်အပ်လွှာ ပေးအပ်ပွဲကျင်းပ
Mar 01,2022
သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြု သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သစ်လွင် သူနာပြုခန့်အပ်လွှာ ပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၅) ခု ခွင့်ပြုပေးထား
Mar 01,2022
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘူးသီးတောင်မြို့ မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ စစ်ဆေး
Mar 01,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဉီးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
Mar 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက်ခဲ့ကြောင်း သိရှိရသည်။
သီပေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်
Mar 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်း ယနေ့နံနက် (၉)နာရီ အချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။