ဒိုက်ဦး ဖေဖေါ်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးဆောင်ပြီး Mask Campaign ကို ယနေ့နံနက်ပိုင်းက မြို့အဝင်လမ်း၌ အသိပညာပေး၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
ယခုအခါတွင် အိုမီခရွန် ဖြစ်ပွားမှုသည်များပြားလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း Mask အား မဖြစ်မနေတပ်သင့်ပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ပြောကြားခဲ့သည်။
Mask Campaig ဆောင်ရွက်ရာတွင် (က) ပြည်သူများ Mask တပ်ဆင်မှု ရှိ/မရှိ၊ (ခ) ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ဆေးထိုးပြီးကတ်ပြား ယူဆောင်လာမှု ရှိ/မရှိ (ဂ) Mask တပ်ဆင်မှုမရှိပါက ဒဏ်ငွေ(၁ဝဝဝိ/-)ဆောင်စေရန်၊ (ဃ)ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ဆေးထိုးပြီးကတ်ပြား မပါရှိ ပါက မြို့ထဲသို့ အဝင်မခံစေရန်၊ (င) Mask တပ်ဆင်မှုမရှိပါက ဒဏ်ငွေ (၁၀၀ဝိ/-)ဆောင်စေရန်၊ ပြင်ပမြို့နယ်တစ်ခုခုမှ ဒိုက်ဦးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် (ပစ္စည်း တင်/ချကား များ)သည် အထက်အပိုဒ်(ဂ)(ဃ)ပါ အချက်အလက်များနှင့် ညီညွတ်မှုမရှိပါက မြို့ထဲသို့ အဝင်မခံစေရန်စသည်ဖြင့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါMask Campaig ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)