ဘောလုံးနည်းပြဆရာ ဦးစိုင်းခမ်းလင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

မိုင်းနောင် ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဘောလုံးနည်းပြဆရာ ဦးစိုင်းခမ်းလင်းအား နှုတ်ဆက်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးရဲနိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြား၍ ဘောလုံးနည်းပြ ဆရာဦးစိုင်းခမ်းလင်းက မိုင်းနောင် လူငယ်အသင်းများအား လေ့ကျင့်သင်ပြပေးသည့် အတွေ့အကြုံများ၊ လူငယ်ကစားသမားများ၏ အားနည်းချက်၊ အားသာချက် များကို ပြန်လည် ရှင်းလင်း ကာ တက်ရောက်လာသော မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများက အားကစားမြှင့်တင်ရေး ကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အားကစားပြိုင်ပွဲများအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ နည်းပြဆရာဦးစိုင်းခမ်းလင်းအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ ငွေကျပ်(၃) သိန်း၊ မိုင်းနောင်လူငယ်များမှ ငွေကျပ်(၂)သိန်း၊ စုစုပေါင်းကျပ်(၅)သိန်းကို ဂုဏ်ပြုချီးမြှင့်ကာ လူငယ် ဘောလုံးသမားများကိုယ်စား စောအောင်မိုးထွေးက ဘောလုံးပညာများ လာရောက် သင်ပြပေးသော နည်းပြဆရာနှင့် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြသော ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)