သတင်းများ

တာမွေမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Feb 28,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည်
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Feb 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Feb 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဗိုလ်မှူးမြတ်သူ၊ ပညာ‌ရေးဌာန၊ စိုက်ပျိုးရေးဌာနတို့ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ်‌သခွတ်ရင်းကျေးရွာအုပ်စု၊ သက္ကယ်မြောင် ကျေးရွာ၊     မဒိုင်းကျေးရွာ၊    ခါးဇက်ကျေးရွာ၊   သခွတ်ရင်းကျေးရွာ၊    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သန်း၊ အဖွဲ့ဝင် ဦးစန်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ လှေ့စဉ်ကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ၊ ကျောက်ထပ်ကျေးရွာ၊ ဆင်ဖြူကန်ကျေးရွာတို့တွင် ကျေးရွာနေ‌ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့‌ကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
Feb 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာန အဆောက်အအုံသစ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Feb 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာ များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့အထွက်တိုးဂိတ်နေရာ၌ ယနေနံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Feb 28,2022
တနင်္သာရီတိုင်းဒေသကြီး မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မေတ္တာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မြောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ အစားအစာ၊ အဝတ်အထည်နှင့် ဝါးများလှူဒါန်း
Feb 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု ၊မြောင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ညောင်ဦးမြို့ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ အများပြည်သူလှူဒါန်းသည့် အစားအစာ၊ အဝတ်အထည်နှင့် ဝါးများအား မြောင်ကျေးရွာသို့ ယမန်နေ့ ညနေ ၃နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နနွင်းစိုက်ခင်းများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နနွင်းစိုက်ဧက (၁၀၀၈)ဧက စိုက်ပျိုးထားရှိရာ နနွင်းစိုက်ခင်းများ စတင်တူးဖော်လျက်ရှိပြီး အထွက် နှုန်းကောင်းပြီးရောင်းချရာတွင် ဈေးကောင်းရသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်ဝင်းက ပြောပြသည်။