တနင်္သာရီ ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏လမ်းညွှန်မှုအရ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ကြီးကြပ်မှုဖြင့် မောတောင်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈နာရီအချိန်မှစ၍ လက်ရှိမှာကူးစက်မှုနှုန်း မြင့်တက် နေသောကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်ဒေသခံ ပြည်သူများနှင့်ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများအား ပူးပေါင်း လိုက်ပါဆောင်ရွက်နိုင်ရန်အတွက်Mask ဝတ်ဆင်ခြင်းရှိ/မရှိစစ်ဆေး၍ Mask များဖြန့်ဝေပြီး Mask Campaign ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင်မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက် နှင့်ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံဦးမျိုးအောင်၊ ရဲတပ်ဝင်များ၊ ပြည်သူ့ စစ်အဖွဲ့၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွား ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် တိကျစွာလိုက်နာကြရန် မည်သည့်အကြောင်း ကြောင့်ပဲ့ဖြစ်စေ နေအိမ် မှပြင်ပသို့ထွက်ခွါစဉ်ခါတိုင်း မဖြစ်မနေ Mask ကိုဝတ်ဆင်ပြီးမှထွက်ခွါကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထား(သို့) လက်မှတ်ကိုလည်း တပါတည်း ယူဆောင်လာကြရန် အသိပညာပေးပြောကြားပြီး Mask များအခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)