လွိုင်လင် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့တွင်းပြည်ထောင်စုလမ်းမကြီးကို ယခင် လမ်းအကျယ် ၁၈ ပေရှိရာမှ ယခုလမ်းအကျယ် ၂၄ ပေ၊ လမ်းအရှည် ၁ မိုင် ၆ ဖာလုံအား နေမင်းရောင်ကုမ္ပဏီက မိမိတို့တာဝန်ယူထားသည့် လမ်းအပိုင်းကို တိုးချဲ့ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
မိုင်းပွန်မြို့သည် မိထ္တီလာ - တောင်ကြီး - လွိုင်လင်- ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိရာ နေ့စဉ်မော်တော်ယာဉ်သွားလာမှုများပြားခြင်း၊ ခရီးတစ်ထောက် နားရာမြို့ဖြစ်၍ ယခုကဲ့သို့ မြို့တွင်းပြည်ထောင်စုလမ်းမကြီးကို တို့ချဲ့ဖောက်လုပ်ခြင်းဖြစ်ကြောင်းနှင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်းများကို တစ်ပါတည်းဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းခွင်နေရာသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က သွားရောက်ကြည်ရှု့စစ်ဆေးရာ နေမင်းရောင် ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဝင်းနှင့် အင်ဂျင်နီယာများ လိုက်လံရှင်းလင်းပြသကြသည်။၊ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးက မှာကြားရာတွင် ရေစီးရေလာ ကောင်းမွန် ပြီး ကျောက်စီရေမြောင်းအတွင်း အမှိုက်သရိုက်များမရှိစေရေး၊ သန့်ရှင်းသပ်ရပ်စေရေး၊ မြောင်းအဖုံးများ စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ ကွင်းဆင်းစစ်ဆေးမှုတွင် မိုင်းပွန်မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ လိုက်ပါကြကြောင်း သိရသည်။
လွိုင်လင်မိုး