သတင်းများ

လွိုင်လင်မြို့၌ Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ
Feb 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ) တို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နည်းပညာ အထက်တန်းကျောင်း(ပင်လုံ) ရှိ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
ကျိုက်မရောမြို့တွင်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်
Feb 28,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ဖြူစင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်း တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ များဖြစ်သည့် မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်များမတော်တစ်ဆကျရောက်လာပါက အချိန်မီ ရှာဖွေ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက်၁၀ နာရီက ကျိုက်မရောမြို့မီးသတ် ဦးစီးဌာန အဆောက်ဦသစ်ရှိ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး  Mask Campaign ဆောင်ရွက်
Feb 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်ဘော်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီ အချိန်မှစတင်၍  ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ကို မြို့ကျက်သရေဆောင်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၁၂၉၅ ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး
Feb 28,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော် ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၁၂၉၅ ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
နမ္မတူမြို့နယ်၌ ကျေးလက်နေပြည်သူများ နိုင်ငံသားကတ် အလွယ်တကူကိုင်ဆောင်ခွင့်ရရှိစေရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်
Feb 28,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ်အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နမ္မတူမြို့နယ် ဘော်တွင်း၊ ဟူးဆာစသည့် ကျေးရွာအုပ်စု (၂) စုအတွင်းရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေးကွင်းဆင်း ဆောင်ရွက် ခြင်းကို
ပုသိမ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် Omicron (အိုမီခရွန်) ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုများပြုလုပ် 
Feb 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က၊ ပုသိမ်မြို့၊ အမှတ်(၆)နယ်မြေတွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ သုံးမြွှာပူး ကလေးမွေးဖွားသူမိခင်နှင့် ကလေးများအား ထောက်ပံ့ငွေများပေးအပ်
Feb 28,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သုံးမြွှာပူးကလေး မွေးဖွားသူမိခင်နှင့် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် တပ်ကုန်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး ကြာငုံဖူးဆိုလာရေတင် စီမံကိန်း(၂၀၀)ဧကသို့ စစ်ဆေး
Feb 28,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်တို့နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် တပ်ကုန်းကျေးရွာ စိုက်ပျိုးရေရရှိရေးအတွက် ကြာငုံဖူး ဆိုလာရေတင် စီမံကိန်း(၂၀၀)ဧကသို့  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။