မိတ္ထီလာ မတ်လ ၁
မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆.၁၄၃၇၅ သန်းဖြင့် အလျား ပေ ၂၅၀ ၊ အနံ ၅၅ ပေ ၊ အနက် ၅ ပေရှိ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် လက်နှိပ်တုံကင်နှစ်စုံ တပ်ဆင်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သုံးသန်းဖြင့် အိမ်ခြေ ၂၄၈ အိမ် လူဦးရေ ၁၃၈၇ ဦးရှိသည့် သီးပင်ကုန်းကျေးရွာအုပ်စု ပန်းဒွေးကျေးရွာတွင် အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း၊ အိမ်သုံးမီတာမီးလိုင်းသွယ်တန်းခြင်း၊ တွင်းဆေးတွင်းမှုတ်ခြင်းနှင့် မော်တော်၊ ကွန်ပရက်ဆာတပ်ဆင်ခြင်း (2HP) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီ စွာဖြင့် ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)