သတင်းများ

ပြည်မြို့တွင်၂၀၂၂ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရကျင်းပသည့် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Mar 01,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ၂၀၂၂ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး(TSDP) အစီအစဉ်အရ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘတ်စကက်ဘော ပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတို့၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ပြည်မြို့ယဉ်ကျေးမှုရုံ၌ ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ကော်မတီဝင်များ၊ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ဒိုင်အဖွဲ့နှင့် အားကစားသမားများ တက်ရောက်သည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ Quarantine Center သို့ အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ် လှူဒါန်း
Mar 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် Quarantine ဝင်ရောက် နေသူများအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက စံလင်းဖြိုး Quarantine Center တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေး
Mar 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်အတွင်း၌ ရုံးဌာနအဆောက်အဦများနှင့်ပတ်သက်၍ လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက  နည်းပညာတက္ကသိုလ်(ပင်လုံ) နှင့် လွိုင်လင်ခရိုင် မီးသတ်စခန်းတွင် တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ယနေ့နံနက်(၁၀)နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ (၁၅၆၇) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၅၆၇) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကော့မှူးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်
Mar 01,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်၁၀နာရီက မြို့သစ်ရပ်ကွက် မူကြိုကျောင်းဆောင်၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ လမ်းသွယ်များအား လမ်းဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်
Mar 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ လမ်းသွယ်များအား လမ်းဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထိုက်နှင့် ဝန်ထမ်းများက လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။