ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်
Mar 02,2022
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၂)ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၈)ကျောင်း တို့အား ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်း ရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။