ငဖဲ မတ်၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာများတွင်ဖွဲ့စည်း ထားရှိသည့် အရန်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနက် (A Group) အမာခံ အရန် မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦးက မြို့နယ်အတွင်းရှိ ကျေးရွာများတွင်ဖွဲ့စည်းထားရှိသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအနက် (AGroup) အမာခံအရန် မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးဝတ်စုံ (ဦးထုပ်၊ ခါးပတ်၊ လက်အိတ်၊ ဘောင်းဘီအင်္ကျီ၊ ဖိနပ်(၉၁)စုံကို တက်ရောက်လာသည့်သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)