မြောင်းမြ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ (Mask Campaign) ကို မြို့ဝင်ဂိတ်များ၊ လူစည်ကားရာ လမ်းဆုံများ၊ လမ်းများ၊ ဈေးများ၊ ကျောင်းများတွင် နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်း ၈ နာရီ ၃၀ အချိန်တွင် မြောင်းမြမြို့ အမှတ် (၈) ရပ်ကွက် (၇)လမ်းနှင့် မြဂုဏ်ရည်လမ်းဆုံ ဒီးဒုတ်ရင်ပြင်ရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အုပ်စုများ၊ နေရာ များခွဲ၍ ဆောင်ရွက်လျက်ရှိရာ (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများ၊ ဆိုင်ကယ်၊ ကားများအား တားဆီး၍ နှာခေါင်းစီး (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေးပြောကြားပြီး၊ Mask များ (အခမဲ့)ဖြန့်ဝေခြင်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။ Mask Campaign ကို ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်