နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၇၈၅ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ

နောင်ချို  မတ်လ  ၁  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏(၄၇၈၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်း ဘုန်းတော်ကြီးကျောင်း ခုနှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများနေ့ စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် အကြိမ်ရေ ၄၇၈၅ ကြိမ် လောင်းလှူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်    ဈေးရပ်ကွက်နေ ကိုမိုးမြင့်သိန်း+မဝေမာဦးမိသားစုနှင့် မြို့နယ်အတွင်း အလှူရှင်များမှလောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူ ဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိလှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဃဒါနဆွမ်းလောင်းအသင်း မှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။

ထွေးငယ်၊ ပြန်/ဆက်