ဝါးခယ်မ မတ်လ ၁
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ၂၀၂၂ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြောင်းမြခရိုင် ကိုယ်စားပြု ဝါးခယ်မမြို့နယ် တောင်သူအသိပညာပေး ပြခန်းကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက ၂၆.၂.၂၀၂၂ ရက်နေ့မှစတင်ကာ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်း ပြသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြခန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စသည့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ် စည်းကမ်းချက်များ နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီလွင် (ဝါးခယ်မ ပြန်/ဆက်)