Skip to main content

Mar 26, 2024

​​​​​​​မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်မှသာ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်နိုင်မည် ဖြစ်သည်။ နိုင်ငံ့စီးပွားရေးတွင် အခြေခံအကျဆုံးဖြစ်သော စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် သီးနှံအလိုက် တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး တွန်းအားပေးဆောင်ရွက်ခဲ့သလို မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက်လည်း နိုင်ငံတော်က အားပေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ် ဖမ်းဆီးမှုများအား တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများမှ တစ်ဆင့် သယ်ယူပို့ဆောင်လာသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူ လူငယ်တစ်ဦး ထွက်ပြေးသွားသည့်အတွက် လူစားထိုးရန် အဆိုပါလူငယ်၏အဘွားဖြစ်သူထံ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားမျာကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

တောင်ကြီးမြို့နှင့် ညောင်တုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပပုံများကို မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှစ၍ MWD HD ၊ MWD VARIETY HD ၊ MRTV-HD ၊ MRTV Parliament ၊ MRTV NRC ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ ပဉ္စဝတီ FM ၊ မန္တလေး FM ၊ ရွှေ FM ၊ ပုဂံ FM ၊ Star FM ၊ သဇင် FM တို့အပြင် MRTV APP: အပါအဝင် Online တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ သက်ဆိုင်ရာနေရာများ၌ ပြုလုပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ (သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှု မရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လိုဏ်တော်ကြီးအတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့ကို (၁၆) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော်ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ် (တပေါင်းလပြည့်နေ့) ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးသွားမည်

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန်သံတမန်ခန်းမ၌ မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား - မြန်မာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

တပ်မတော်သည် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ တစ်ဖက်တွင် နက်ရှိုင်းရှုပ်ထွေးမှုများနှင့် ရောပြွမ်းနေသော နိုင်ငံရေးအခြေအနေများကို ဝင်ရောက်တာဝန်ယူရန် များစွာဝန်လေးသော်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မလွှဲသာမရှောင်သာ ဝင်ရောက်တာဝန်ယူခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2024

တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက်၊ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းအကုန်နွေအကူးကာလလည်း ဖြစ်သည်။ တပေါင်းလတွင် ပထမလဝက်သည် ဆောင်းဖြစ်ပြီး ဒုတိယလဝက်သည် နွေတွင်ကျရောက်လျက် ရာသီအကူးအပြောင်းနှင့်အတူ တောတောင်ရေမြေသဘာဝတို့ လွန်စွာသာယာလှပသည့်အလျောက် “တပေါင်းသာခေါင် လများနောင်” ဟုပင် ဆိုသည်။ တပေါင်းလ၏ သာယာလှပမှုမှာ လတကာတို့ထက် သာလွန်ကာ အထွတ်အထိပ်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်