Skip to main content

Mar 24, 2024

၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2024

တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့်ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီရောဂါကူးစက်ခံထားရပြီဖြစ်သည်။ တီဘီသည် ကြိုတင်ကာကွယ်ကုသ၍ရသည့် ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းတွင် တီဘီနှင့် ဆက်စပ်ရောဂါတို့ကြောင့် တစ်နှစ်လျှင် ပျမ်းမျှလူတစ်သန်းခွဲခန့် အသက်ဆုံးရှုံးနေကြရသည်ဟု ဆိုသည်။ ကမ္ဘာတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု၏ ၄၃ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှဒေသတွင် ဖြစ်သည်ဟုလည်း ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နန်းယွန်းမြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့တွင် ဝက်ရူးပြန်ရောဂါရှိသူ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိသူများကိုပါ စစ်မှုထမ်းခိုင်းရန် စာရင်းကောက်ယူလျက်ရှိကြောင်း ကောလာဟလသတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက်ကချားကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများသို့ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ ကျေးရွာသူကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ ဝင်ရောက်နေရာယူလှုပ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃) စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာ ထမ်း/ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာအသုံးပြုဆောင်ရွက်မှုနှင့် ငွေရေးကြေးရေးကြီးကြပ် ကွပ်ကဲမှုဆိုင်ရာဆွေးနွေးပွဲ” အမှတ်စဉ် (၅၁) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲကို မတ် ၂၀ ရက် နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပရာလျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျတက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများတက်ရောက်ကြပြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်းများကို ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ များသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲနှင့် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း AERDTC ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံမျက်နှာစာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့အားအမှူးထား၍ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့အရေးကိုအလေးထားပြီး နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိပြီး ဦးတည်ချက်များကိုလည်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ဘက်ပေါင်းစုံ၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2024

ကမ္ဘာ့ရေနေ့ ၂၀၂၄ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်