Mar 21, 2024
နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများတွင် ကဏ္ဍအလိုက် ပြခန်းပြသဆောင်ရွက်မှုများမှ MSME ထုတ်ကုန်ပြခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဒေသထွက်သစ်သီးဝလံပြခန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်-
Mar 21, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 21, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ယမန်နေ့က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား သင်တန်းသူများ အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း၊ အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။
Mar 21, 2024
ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်
Mar 21, 2024
အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်
Mar 21, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Mar 21, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည်ယမန်နေ့က မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်)သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ပြခန်းများခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 21, 2024
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ဥယျာဉ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးတို့ တက်ရောက်ကြသည်။
Mar 21, 2024
ပြည်ပသင်တန်းတက်ရောက်ခဲ့မှု အတွေ့အကြုံများရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 21, 2024
မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 21, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ သုတေသနရလဒ်များနှင့် နည်းပညာများကို ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် လုပ်ငန်းရှင်များထံ လွှဲပြောင်းဖြန့်ဝေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင် စီမံကိန်းအပါအဝင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုအားကောင်းရေး ဆောင်ရွက်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ပါ ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီစေရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။
Mar 21, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ရှိ ရွှေမြိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန် ၉၀ ကျ အဆင့်မြင့် ဆန်စက်နှင့် တန် ၁၂ဝ ကျ စပါးအခြောက်ခံစက်လည်ပတ်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 21, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)တို့ ပူးပေါင်း၍ တောင်အာရှနှင့်အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Mar 21, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင် မတ် ၁၈ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆိုက်တွဲမောင်းနှင်လာသော သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်သတင်းနှင့်ပတ်သက်၍ လတ်တလောကလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှု များပြားလာကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသား ထားသည်ကို တွေ့ရှိရသည်။
Mar 21, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ မွန်ပြည်နယ်၏ လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြားသည်။
Mar 21, 2024
၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့်(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၁၂၁ ဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။
Mar 21, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းမ၌ ကျင်းပသည်။
Mar 21, 2024
လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပသည်။
Mar 21, 2024
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဘူမိဖဿထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု ပူဇော်ထားသည့် ပိဋကသုံးပုံ ပါဠိတော်များကို မြန်မာ/ရိုမန် အက္ခရာ နှစ်မျိုးဖြင့် စိစစ်တည်းဖြတ်ခဲ့ကြသော “နာယကအဖွဲ့ဆရာတော်ကြီးများ” နှင့် “စိစစ်တည်းဖြတ်ရေး လုပ်ငန်းကော်မတီမှ ဆရာတော်ကြီးများ” အား ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များနှင့် Tablet များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိယတ္တိစာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမည့် ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည် ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။
Mar 21, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက် တော်မူကြမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်း သုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆွမ်းစားဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုကြသည်။