Aug 08, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Titon Mitra ကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 08, 2024
အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Aug 08, 2024
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ချီးမြှင့်ကြသည်။
Aug 08, 2024
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၅၇) နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့လျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာ့ရေးရာဖြစ်ပေါ်တိုးတက်မှုများအကြား အာဆီယံအသင်းကြီး ပိုမိုခိုင်မာတိုးတက်အောင်မြင်ပါစေကြောင်းနှင့် အာဆီယံပြည်သူများ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သာယာဝပြောကြပါစေကြောင်းလည်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။
Aug 08, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနှင့် ဝါသီနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနှင့် နို့စားနွားမွေးမြူရေးတို့သည် နိုင်ငံအတွက်အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်။ ယင်းလုပ်ငန်းများသည် နိုင်ငံအတွက်အကျိုးရှိသဖြင့် လက်ရှိကာလတွင်တွန်းအားပေး၍ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်ကတိုက်တွန်းနှိုးဆော်လျက်ရှိသည်။
Aug 08, 2024
‘‘မြန်မာဘယ်ကစ ’’ ဟူသည့် ခေတ်ဦးမြန်မာ့သမိုင်းနှင့်စပ်လျဉ်း၍ ငြင်းချက်နှစ်ခုရှိသည်။ တစ်ခုက မြန်မာတို့သည် မြန်မာ့မြေပေါ်တွင်ပင် ပေါက်ဖွားရှင်သန်လာကြကာ အဆင့်ဆင့်တိုးတက်ထွန်းကားလာခြင်းဖြစ်သည်ဟူ၍ဖြစ်ပြီး နောက်တစ်ခုကမူ မြန်မာတို့သည်အခြားဒေသမှ အချိန်တိုတိုအတွင်း ဒုန်းစိုင်းဝင်ရောက်လာကြသူများဖြစ်သည်ဟူ၍ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် မြန်မာ့သမိုင်းကို ခေတ်အမြင်ဖြင့်လေ့လာမည်ဆိုပါက ပုဂံခေတ် အနော်ရထာမင်းမတိုင်မီ မြန်မာ့သမိုင်းသည် ငြင်းချက်များ၊ ကွက်လပ်များ၊ အနုမာန မှန်းဆဖြည့်စွက်ချက်များဖြင့် ပြည့်နှက်နေသည်။
Aug 07, 2024
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။
Aug 07, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 07, 2024
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာကို ဩဂုတ် ၆ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
Aug 07, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့အား ဇူလိုင်လအတွင်း တပ်မတော်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 07, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 07, 2024
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲ ၁ နာရီက ရုံးအမှတ် (၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက In-Person ဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
Aug 07, 2024
ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပပညာရှင်များ၏ သုတေသနပြုဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံရေးသားနိုင်ရန်အတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ)ကို ယနေ့မှ ဩဂုတ် ၇ ရက်အထိ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပလျက်ရှိသည်။
Aug 07, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် UNICEF ၊ WHO အဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် “ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန်ကျန်ရှိသည့် အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများကို အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအပေါ် ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များ ပြန်လည်တင်ပြခြင်း အစည်းအဝေး” ကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) နေပြည်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 07, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
Aug 07, 2024
မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာကြစေရေး အားပေးကူညီလျက်ရှိရာ ယမန်နေ့က ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ တောင်သူဒေါ်ဝင်းနွယ်၏ (RS-CS) ဆင်းသုခစီးပွားဖြစ် မျိုးသန့်မျိုးပွား၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာ တောင်သူ ဦးယဉ်ထွေး၏ ဆင်းသုခစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ဒေသခံတောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်သည်။
Aug 07, 2024
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ်သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
Aug 07, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အချိုမှုန့် ၂၅ ကီလို ဂရမ်ပါ ၄၄ အိတ်စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
