Mar 23, 2024
ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ပိုင်နက်နယ်နိမိတ်၊ ပြည်သူများ၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့ ပြည့်စုံရန်လိုအပ်သည်။ အဆိုပါ အင်္ဂါ(၄)ရပ် ပြည့်စုံမှသာ နိုင်ငံ၏ဥပဓိရုပ်ပြည့်စုံသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှသည် မျက်မှောက်ကာလတိုင်အောင် ဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်ကြိုးပမ်းကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်ရာ နိုင်ငံသူနိုင်ငံသားတို့အတွက် နိုင်ငံသည် အသက်နှင့်ထပ်တူ အရေးပါသည်ကို အဆိုပါ ဖြစ်ရပ်တွင် သင်ခန်းစာယူဖွယ် တွေ့ရှိနိုင်သည်။
Mar 22, 2024
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 22, 2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူငယ်လူရွယ်များနှင့် မိဘအုပ်ထိန်းသူများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုမထမ်းဆောင်လိုသူများကို သိန်းရာချီ ငွေညှစ်တောင်းခံနေကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်ပြီး ပြည်သူများအထင် အမြင်လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 22, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေ သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Mar 22, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကျရာအခန်းကဏ္ဍမှ ကိုယ်တိုင်ကိုယ်ကျပါဝင်လိုစိတ်တို့ကို သန္ဓေတည်မွေးဖွားပေးနိုင်ရန်နှင့် စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်သောလူငယ်များအဖြစ် ပြုစုပျိုးထောင်ရန် အခြေခံပညာအဆင့်တွင် ကင်းထောက်လူငယ်များအဖြစ်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်တွင် တက္ကသိုလ်အရန်တပ်ရင်းဟုခေါ်သည့် တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တပ်ဖွဲ့ဝင်များအဖြစ်လည်းကောင်း နိုင်ငံတော်မှလူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။
Mar 22, 2024
ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြောင်းပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားရာမှ နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် သတင်းအမှားအား ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Mar 22, 2024
ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
Mar 22, 2024
အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNICEF Myanmar မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အခြေခံပညာရုံးများ၊ ကျောင်းများမှ အရာထမ်းသင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 22, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Mar 22, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 22, 2024
ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။
Mar 22, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ မတ် ၁၂ ရက်မှ ၂၀ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ လေ့လာရေးသွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။
Mar 22, 2024
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Mar 22, 2024
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 22, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co., Ltd. မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် Volkswagen ID-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Changan Deepal S7 အမျိုးအစား လျှပ်စစ်သုံးယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
Mar 22, 2024
“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဟု ဆိုရိုးစကားရှိပါသည်။ ရေ၏တန်ဖိုးနှင့် အရေးတကြီးအသုံးဝင်ပုံကို အသိပေးထားခြင်းဖြစ်ပါသည်။ လူသည် ထမင်းခုနစ်ရက်မစားရသော်လည်း သန့်စင်သောရေကို သောက်သုံးရလျှင် အသက်ရှင်သန်နိုင်သလို ရေတစ်ရက် မသောက်သုံးရဘဲနေရပါက အားအင်ကုန်ခန်းပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်ကို သတိပေးထားခြင်းဖြစ်ပါသည်။
Mar 22, 2024
ယနေ့ (မတ်လ ၂၂ ရက်) သည် ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲမကျရောက်စေရေး၊ ရေကိုစနစ်တကျ သုံးစွဲကြစေရေး၊ သန့်ရှင်းသည့်သောက်သုံးရေနှင့် မိလ္လာစနစ်တို့မရရှိသူများအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏အရေးပါမှုကို လူသားတို့ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့်ကျင်းပသည့် “ကမ္ဘာ့ရေနေ့ (World Water Day)” ဖြစ်သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့သည့် ကမ္ဘာ့ရေနေ့၏ ယခုနှစ်အတွက် ချမှတ်ထားသောဆောင်ပုဒ်မှာ “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး (Leveraging Water for Peace)”ဟူ၍ ဖြစ်သည်။
Mar 21, 2024
နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများတွင် ကဏ္ဍအလိုက် ပြခန်းပြသဆောင်ရွက်မှုများမှ MSME ထုတ်ကုန်ပြခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဒေသထွက်သစ်သီးဝလံပြခန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်-
Mar 21, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ