Mar 27, 2024
နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Mar 27, 2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ် ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Mar 27, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မိတ်ဆက်သင်တန်း Introduction Course on WTO (Principles and General Rules)၊ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄)နှင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲများကို နေပြည်တော်ရုံးအမှတ်-၃ ၌ ယနေ့မွန်းလွဲ၂ နာရီက ကျင်းပသည်။
Mar 27, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တာဝန်ရှိသူများနှင့်အတူ မတ် ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII Inter-national Forum ATOMEXPO 2024 ) ပထမနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
Mar 27, 2024
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင် ခန်းမ၌ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 27, 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
Mar 27, 2024
နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Mar 27, 2024
ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Mar 27, 2024
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Mar 27, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားနေရာတွင် မစ္စတာ အဘ်ဟေး တာကူးရ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
Mar 27, 2024
မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ပထဝီအနေအထား၊ အသွေးအရောင်မတူသည့် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးသည် အရေးအကြီးဆုံးအချက် ဖြစ်ပါသည်။ တပ်မတော်သည် သမိုင်းကြောင်းတစ်လျှောက်တွင် ထိုအရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍမှ ကျေပွန်စွာထမ်းရွက်လျက်ရှိပါသည်။
Mar 27, 2024
ယနေ့မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူများ၏ လိုလားတောင့်တချက်နှင့်အညီ တပ်မတော်က အဆင့်ဆင့်ပုံဖော်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံကိုဒီမိုကရေစီအကူး အပြောင်းကာလများအတွင်း နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကိုလေ့လာကာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်၍ ပြည်သူများအားလုံး၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
Mar 26, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။
Mar 26, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 26, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပန်းတင်ကျေးရွာကို မတ်လ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 26, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Mar 26, 2024
(၇၉) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “တွဲလက်တူစုံ ချစ်ရိပ်မြုံ” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 26, 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သွားရောက်၍တွေ့ဆုံဂါရဝပြုနှုတ်ဆက်သည်။
Mar 26, 2024
မကွေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများကို ဝက်ကျွေးသည့်ဆန်များ ချက်ကျွေးနေသည်ဟု DVB TV News Facebook Page က မတ် ၂၀ ရက်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
Mar 26, 2024
(၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ကျင်းပသည်။