Skip to main content

၂ဝ၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၂

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီးနှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာ စာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည် ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ်စာအုပ် စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက်ဖော်ပြသည့် “အဂတိကင်းစင်သည့် အသိုက်အဝန်းဖော်ဆောင်နိုင်ရေး မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သောသုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (စက်တင်ဘာ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

၂ဝ၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင်ညို၊ K.M.Aတို့၏ “အဂတိကင်းစင်သည့် အသိုက်အဝန်း ဖော်ဆောင်နိုင်ရေး မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ နေသူရိန်၊ ကိုကိုအောင် (အလုပ်သမား)၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ကိုရင်ကျော်၊ စိန်ဝင်းမော်တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ အေးထွန်းမင်း၊ ကြည်လွင်ဦး (ရေနံ) တို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ)၏ စီးပွားရေးဆိုင်ရာဆောင်းပါး၊ သီဟသိန်းတန်၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါး၊ ရန်ကုန်ဌေးဇော်၏ ကလေးအလုပ်သမား ဆိုင်ရာဆောင်းပါး၊ တင်မာလွင်၏အကြမ်း ဖက်မှုဆိုင်ရာဆောင်းပါး၊ ကိုဝင်းမော်ထွန်း၏ မူးယစ်ဆေးဝါးဆိုင်ရာဆောင်းပါး၊ သန့်လွင်ထွန်း (MPA) ၏ လူကုန်ကူးမှု ဆိုင်ရာဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ရဲထက်ဇော်၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) တို့၏ ကျန်းမာရေး ဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ ခြယ်မှုန်းသီ၊ မြသိန်း၊ ဆောင်းဝင်းလတ်၊ နွေကံ့ကော် (မြို့လှ)၊ ဒေါက်တာ စန်းဦး၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေ ဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင်ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်း ဆိုင်အမှတ် (တ-၅၅) သပြေကုန်းဈေးနေပြည်တော်စာအုပ်ဆိုင် ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြားမန္တလေးဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင် ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်းရန်ကုန်မြို့ ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်