Dec 11, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိ ပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည (၈) နာရီအချိန်တွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။
Dec 11, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၉/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေး အား ယနေ့ နံနက် ၁၀ နာရီအချိန်က Online မှတစ်ဆင့် Zoom Application ဖြင့်ကျင်းပရာ အစည်းအဝေး သို့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက် ရောက်ခဲ့ကြပါသည်။
Dec 11, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ကလောမြို့နယ် အောင်ပန်းစိုက်ပျိုးရေး သုတေသန ခြံသို့သွားရောက် ကွင်းဆင်းကြည့်ရှုရာ အောင်ပန်းစိုက်ပျိုးရေး ခြံမန်နေဂျာ ဒေါက်တာဝင်းဝင်းနွယ်မှ ခြံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။
Dec 11, 2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု၊ တောင်လေးလုံး အကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင်များအား ယနေ့ နံနက်(၁၀)နာရီက အဆိုပါအကျဉ်းထောင်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Dec 11, 2020
နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် တတိယအကြိမ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁) နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်သည်။
Dec 11, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ အရေးထိန်းချုပရေးနှင့် တုံန့်ပြန်ရေးကော်မတီများနှင့်အတူ ယနေ့နံနက်ကပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြင့်ဆောင်ရွက်မည့် စစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Dec 11, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာ ၁၀ ရက် ညနေ ၆ နာရီက ZEN Holdings, UNIHO TOMOSADA Co., Ltd မှ Oxygen Concentrator (၂)လုံး လာရောက် လှူဒါန်းခဲ့သည်။
Dec 11, 2020
မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းတွင်သာမက နိုင်ငံရေးသမိုင်းတွင်ပါ အရေးပါခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ သမိုင်းတန်ဖိုးကြီးမားလှသည့် ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့် အမွေအနှစ်စာရင်းဝင်ရန် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Dec 11, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
Dec 11, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၅ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေး အဖွဲ့များ စစ်ဆေးမည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်သူအများသိရှိအောင် အသံချဲ့စက်ဖြင့် ကြေညာခြင်းများ ဆောင်ရွက်ထားရှိရေး အထူးမှာကြားခဲ့ကြောင်းသိရသည်။