Skip to main content

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Oxygen Concentrator (၂)လုံး လာရောက်လှူဒါန်း

ပဲခူး  ဒီဇင်ဘာ   ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာ ၁၀ ရက် ညနေ ၆ နာရီက ZEN Holdings, UNIHO TOMOSADA Co., Ltd မှ Oxygen Concentrator (၂)လုံး လာရောက် လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စုစုပေါင်းငွေကျပ်(၃,၃၂၀,၀၀ဝိ/) တန်ဖိုးရှိ Oxygen Concentrator (၂)လုံးအား ZEN Holdings, UNIHO TOMOSADA Co., Ltd တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေးနှင့် ZEN Holdings, UNIHO TOMOSADA Co., Ltd တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)