ပုသိမ် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ အရေးထိန်းချုပ်ရေးနှင့် တုံန့်ပြန်ရေးကော်မတီများနှင့်အတူ ယနေ့နံနက်ကပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြင့်ဆောင်ရွက်မည့် စစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပုသိမ်မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွက် ဝန်ကြီးချုပ်ကငွေကျပ် (၃)သိန်း၊ စိုက်ပျိုးရေး၊မွေးမြူးရေး၊ သံယံဇာတနှင့်ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးက ငွေကျပ်(၂)သိန်း၊ DENKO Trading Co;Ltd နှင့် MAB ဘဏ်မှကျပ်သိန်း(၅၀)၊ ရွှေပျားငံပြာရည်နှင့်ငရုတ်ဆီစက်ရုံမှငွေကျပ်(၁၅)သိန်း၊ ကျိုက်လတ်မြို့၊ ဖွံ့ဖြိုးအောင် ဆန်စက်၊ Ayeyarwaddy Development Co;Ltd ၊ ယမုံနာဦး ဟိုတယ်၊ ဇမ္ဗူထွန်းကုမ္ပဏီ၊ မုဒိတာကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းစီ စုစုပေါင်းသိန်း(၁၂၀)အား Stay at Home မြို့နယ် (၃)ခုရှိ စစ်ဆေးရေးဂိတ်များ၏ အုပ်ချုပ်မှု စရိတ် အတွက်တာဝန်ရှိသူများအားပေးအပ်လှူဒါန်းခဲ့သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၂၅ ရက်နေ့တွင် Stay at Home မြို့နယ်အဖြစ် ပုသိမ်၊ မအူပင်နှင့်ဖျာပုံမြို့နယ်တို့အား သတ်မှတ်ခဲ့သော်လည်း အတည်ပြုလူနာပိုမို တွေ့ရှိလာရခြင်း၊ ခရီးသွားရာဇဝင်မရှိဘဲ အတည်ပြုလူနာသစ်များ တွေ့ရှိလာရခြင်းတို့ကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သည်အဆိုပါမြို့နယ်(၃)ခုအား အရှိန်အဟုန်ဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ပုသိမ်မြို့တွင်စစ်ဆေးရေးဂိတ်(၁၅)ခုဖျာပုံနှင့်မအူပင်တွင်စစ်ဆေးရေးဂိတ်(၇)ခုစီထားရှိပြီးနံနက်(၇)နာရီမှည(၇)နာရီအထိ ပြည်သူများသွားလာမှုကို ဒီဇင်ဘာလ(၁၁)ရက်နေ့မှစ၍ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်သည်။ စစ်ဆေးရေးဂိတ်များတွင် အဖွဲ့(၃)ဖွဲ့ခွဲကာ တာဝန်ချထားပြီး မြို့နယ်စစ်ဆေးရေးအဖွဲ့များက Mobile Team (၂)ဖွဲ့ဖြင့် လှည့်လည်စစ်ဆေးသွားမည်။ ပြည်သူများနေအိမ် ပြင်ပထွက်ခွာမည်ဆိုပါက နေအိမ်ပြင်ပ ထွက်ခွာခွင့်ကဒ်၊ ဈေးဝယ်ခွင့်၊ ဌာနဆိုင်ရာဝန်ထမ်းများရုံးလုပ်ငန်းကိစ္စသွားလာခွင့်၊ တာဝန်ကျ စစ်ဆေးရေးအဖွဲ့နှင့်ပုဂ္ဂလိကဝန်ထမ်းများ မဖြစ်မနေသွားလာရမည့် သူကဒ်ဟု၍(၅)မျိုးအား ချိတ်ဆွဲသွားလာရန်၊ အဆိုပါကဒ်များချိတ်ဆွဲသွားလာခြင်းမရှိပါက ဒဏ်ငွေ(၃၀၀၀)ကျပ်၊ Mask မတပ်ပါက ဒဏ်ငွေ (၂၀၀)ကျပ်နှင့်ပြစ်မှု အကြိမ်ကြိမ်ကျူးလွန်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရာဇာအေးထံမှသိရသည်။
ကိုတွတ်(ပြန်/ဆက်)