Skip to main content

နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် တတိယအကြိမ် စာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၁၁

 

နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် တတိယအကြိမ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁) နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင် က အဖွင့်အမှာစကားပြောကြားပြီး “၁၉၂၀ မြန်မာနှင့် ကမ္ဘာဆက်ဆံရေး ခေါင်းစဉ်ဖြင့် စာပေ စိစစ် ရေးမှူး ဒေါ်ဇင်နန္ဒာဦးက လည်းကောင်း၊ “၁၉၂၀ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လောက အခြေအနေ ခေါင်းစဉ်ဖြင့် စာပေ စိစစ်ရေးမှူး ဒေါ်ချစ်ချစ်သန်းကလည်းကောင်း စာတမ်းများ အသီးသီး ဖတ်ကြား ကြသည်။

 

အဆိုပါ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

MOI