Skip to main content

တရားမဝင် ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ  

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ်ရေနွေးအိုး (၄၀၀) ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၀,၀၀၀/-)ကို စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

အလားတူ ဇန်နဝါရီ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မြဝတီမှရန်ကုန်သို့ သွားရောက်မည့် ယာဉ်များကို စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Speaker (၃၁)ခု ခန့်မှန်းတန်ဖိုး ငွေကျပ် (,၆၅၀,၀၀၀/-) လည်းကောင်း၊ ထိုင်းနိုင်ငံထုတ် အမွှေးဆပ်ပြာရည် အထုပ် (၁၀၀) ခန့်မှန်းတန်ဖိုး ငွေကျပ် (,၂၀၀,၀၀၀/-) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် (,၈၅၀,၀၀၀/-) တွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

ထို့အတူ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းအနီးရှိ ရွှေဖြူရာဘာခြံ ရှောင်ကွင်း လမ်းကြားတွင် ယာဉ်တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန် - မြဝတီ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/)မိုင်အနီးရှိ လမ်းကြားအတွင်း ရပ်တန့်ထားသော ယာဉ်ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Dietary Supplement Product ()ဖာ၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (,၈၀၀,၀၀၀/-) ကို စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် MITSUBISHI အမျိုးအစား ကုန်တင်ယာဉ် ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၅,၀၀၀,၀၀၀/-) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၈,၆၅၀,၀၀၀/-) တို့ကို သိမ်းဆည်း၍ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့သည်။

သို့ပါ၍ ဇန်နဝါရီ ရက်တွင် ဖမ်းဆီးရမိမှု()မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၀,၀၀၀/-)နှင့် ဇန်နဝါရီ ရက်တွင် ဖမ်းဆီးရမိမှု ()မှု ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၈,၆၅၀,၀၀၀) ဖြစ်၍  စုစုပေါင်းဖမ်းဆီးရမိမှု()မှု ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၉,၂၃၀,၀၀၀/-) ဖြစ်ပြီး အဆိုပါ ဖမ်းဆီးရမိမှု များနှင့် ပတ်သက်၍ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီမှ သိရသည်။

သတင်းစဉ်