Skip to main content

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများ ယနေ့တွင်စတင် ဖွင့်လှစ်

နေပြည်တော်  ဇန်နဝါရီ  

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များ အတွက် ဉပဒေပညာ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ဂုဏ်ထူးတန်း တတိယနှစ်(ပထမနှစ်ဝက်) မဟာအရည်အချင်းစစ် သင်တန်း(ပထမနှစ်ဝက်) မဟာဘွဲ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်)ဘွဲ့ သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တက်ရောက်ပညာသင် ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်