Skip to main content

ကျုံးကူးတံတားဖွင့်ပွဲနှင့် စစ်တောင်းတူးမြောင်းဖြတ် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင်အခမ်းအနားတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူး ဇန်နဝါရီ

ပဲခူးမြို့ အရှေ့ဘက် မြို့ရှောင် လမ်း-သမိန်ဗရမ်း-ဆံတော်တွင်း လမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက် ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်အဆိုပါတံတားအနီး၌ ကျင်းပသည်။

တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ကျုံးကူးတံတားကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက တံတားကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာ ရည်များပက်ဖျန်းကြကာ တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။

အဆိုပါတံတားသည် အရှည် ပေ၂၁၀ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ ခြောက်လက်မစီရှိပြီး ဘိုးပိုင်အုတ်မြစ်၊  သံကူကွန်ကရစ် တံတားအမျိုး အစားဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့သည် သနပ်ပင်မြို့ မြို့တွင်း တံတား ပန္နက်တော်တင်မည့်  နေရာသို့ရောက်ရှိပြီး အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန္နက်တော် များရိုက်သွင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ် က  Vibro Hammer ဖြင့် စက်ခလုတ်နှိပ်ကာ မင်္ဂလာပိုင်တိုင်အား ရိုက်သွင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သနပ်ပင်မြို့တွင်း တံတားသည် ပဲခူး - သနပ်ပင်ခရမ်း-သန်လျင် လမ်းပေါ်ရှိ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် လမ်းဖြစ်ကာ အရှည်ပေ၂၄၀၊ အကျယ် ပေ ၄၀ ရှိ စစ်တောင်းတူးမြောင်းကို ဖြတ်သန်းတည်ဆောက်မည့် သံကူကွန်ကရစ် တံတားတစ်စင်းဖြစ် ကြောင်း သိရသည်။

သတင်းစဉ်