Skip to main content

Mar 22, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် ရထားလမ်းပိုင်း ၁၄ ဒသမ ၄၆ မိုင်ကို ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် RBE ရထား ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2022

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်၊ ရောဂါကပ်ဘေးအန္တရာယ်၊ အကြမ်းဖက်အဖျက်သမား အန္တရာယ် စသည့် ဘေးအန္တရာယ်အမျိုးမျိုးကို နိုင်ငံတော်အစိုးရ နှင့်အတူ ပြည်သူများ၏ ညီညွတ်သော ပူးပေါင်းလက်တွဲဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2022

ယခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့၏ဆောင်ပုဒ်မှာ “မျှတဆင်ခြင်ထုတ်သုံးလျှင် သစ်တောများတည်မြဲထာဝစဉ်” ဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံ့ဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ကို သစ်တောများ ဖုံးလွှမ်းလျက်ရှိရာ တောင်ပေါ်ဒေသ၊ အပူပိုင်းဒေသ၊ ကမ်းရိုးတန်းဒေသများတွင် မတူကွဲပြားသော သစ်တောအမျိုးအစားများ ပေါက်ရောက်လျက်ရှိသည်။ သတိပြုရမည့်အချက်မှာ မြန်မာ့သစ်တောများသည် လူတို့၏ ပယောဂကြောင့် နှစ်စဉ်ပျက်စီးပြုန်းတီးမှုပမာဏ ကြီးမားစွာဖြင့် ဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် ကုန်သွယ်စီးဆင်းမှုများရပ်တန့်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ခရိုင်(၅)ခရိုင်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌများက Video Con ferencing စနစ်ဖြင့်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးဖိတ်ကြားချက်အရ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့် မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ Online ပုံစံဖြင့် ပြုလုပ်သည့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်း အစီအစဉ်တွင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အပြစ်မဲ့ပြည်သူများပိုင်ဆိုင်သည့် လူနေအိမ် ၃ လုံး၊ ဆိုင်ကယ် ၃ စီးနှင့် မော်တော်ယာဉ် ၁ စီးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်းတွင်  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ် / ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး တို့အတွက်  ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့် မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ပါမောက္ခချုပ်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်