Skip to main content

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌  မီးရထားသံလမ်းရှိ ချောင်းကူးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် မတ် ၂၁

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် ကုန်သွယ်စီးဆင်းမှုများရပ်တန့်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အဖျက်အမှောက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် ၈၂ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံအကြား ခဝါချောင်းကူး ရထားသံလမ်းတံတားအား PDF အမည်ခံအကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရထားသံလမ်း အနည်းငယ် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ မီးရထားလမ်းရှိ ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီးသွားသော ချောင်းကူး တံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ပြန်လည်ပြုပြင်လျက်ရှိကြောင်း သတင်းရရှိ သည်။